ဒေါ်အောင်ဆန်းစုကြည်ရေ ...
ပြုံးလည်း မပြုံးလိုက်နဲ့...
မုန်းလည်း မမုန်းလိုက်နဲ့...
ဘုန်းကနဲလည်း လှဲမချလိုက်နဲ့...
နားလည်သူတွေရှိတယ်...
နားမလည်သူတွေလည်းရှိတယ်...
လည်ချင်ယောင်ဆောင်သူတွေလည်းရှိတယ်...
မလည်ချင်ယောင်ဆောင်သူတွေလည်းရှိတယ်...
ကျီးတွေဘယ်လောက်လှလှ...
ဒေါင်းတစ်ကောင်လို ကျက်သရေရှိဖို့မလွယ်...
အကျယ်အကျယ်မငြိမ်းဖွယ်ကို...
ခင်ဗျားမြို ချ ပြ ခဲ့ပြီး ပြီ...
ကမ္ဘာအလယ် ဖွတ်ကျားစွယ်ကို...
ခင်ဗျားဝင်တိုးပြခဲ့ပြီးပြီ ...
မြန်မာအလယ် အန္ဓကြွယ်မှာ...
ခင်ဗျားမူက လှခဲ့ပြီးပြီ ...
ဒေါသအလယ် မာယာသွယ်မှာ...
ခင်ဗျားအာဃာတ တွေ ...
လွှတ်ချပြခဲ့ပြီးပြီ ....
ကမ္ဘာက သူတော်ကောင်းတွေ...
ခင်ဗျားကိုသာဓုခေါ်နေတယ်...
ကမ္ဘာက လူစိတ်ရှိသူတွေ...
ခင်ဗျားကို ကြိတ်ထောက်ခံနေတယ်...
ကမ္ဘာက အမျှော်အမြင်ရှိသူတွေ...
ခင်ဗျားကို ကြိတ်လေးစားနေတယ် ....
ငဲ့ရင်းသွားတဲ့ခင်ဗျားခြေလှမ်းတွေ...
ယောင်လို့တောင် မလျှော့လိုက်ပါနဲ့...
အသော့လည်း မနှင်စေချင်...
အလျော့လည်း မမြင်စေချင်...
ကညော့သူ အမှိုက်စကားတွေကြား...
အားရအောင်လှမ်းလိုက်စမ်းပါ...
တစ်ကမ္ဘာလုံးက ခင်ဗျားနောက်မှာလေ ... ။
အောင်ကြီး










0 comments:
Post a Comment