Sunday, 9 August 2015

သင် မသိသေးသော သိသင့်သော မိန်းကလေးများ အကြောင်း

သင် မသိသေးသော သိသင့်သော မိန်းကလေးများ အကြောင်း

အစ အနောက်သန်
ပျော်ပျော် နေတတ်သော မိန်းကလေးများသည်
ထိလွယ်ရှလွယ် ခံစားလွယ်တတ်ပြီး
ဝမ်းနည်း လွယ်သော မိန်းကလေးများ ဖြစ်ကြသည်

မငိုတတ်ဘူး ထင်သော မိန်းကလေး များသည်
ငိုသော်အခါ အငို မတိတ်တတ်
အငို ကြာတတ်သည်

မာနကြီးသည် ထင်သော မိန်းကလေးများသည်
တကယ်တမ်းတော့ တကယ် မာနမကြီး
မီး နှင့် ထိသော ဖယောင်းကဲ့သို့
သူတို့ချစ်သော သူနှင့်ဆို
အလွယ်တကူ ပျော်ဆင်းလေ့ရှိသည်

အလွန်တရာ နားလည်ပေးသော
မိန်းကလေး ရထားသည် ဆိုပါစို့
သင် သတိထား သင့်သည်
သူတို့နားမလည်နိုင်တော့သော အချိန်ရောက်လျှင်
ရှင်းပြခွင့်တောင် ရတော့မည်မဟုတ်

ဘယ်လောက်ပဲ ရပ်တည်နိုင်ပြီး
သန်မာသော မိန်းကလေး ဖြစ်ပါစေ
ချစ်သော သူဆီမှ ပွေ့ဖက်မှု ကြင်နာမှု ဂရုစိုက်မှု
မလိုချင်သော မိန်းကလေး ဟူ၍ မမြင်မိသေး

သင် မိန်းကလေး တစ်ယောက်ကို
ချစ်လို့ လက်ထပ်ပြီးလျှင် ဆက်ချစ်နေရုံနဲ့မပီး
ချစ်သူ ဘဝက လိုလည်း
တစ်ခါတရံ ရိုမန်တစ်ဆန်ဖို့လိုပါသေးသည်

ဘယ်လောက် ချမ်းသာအောင် ထားထား
ဘယ်လောက် မိသားစုအတွက်
သင် ပြည့်စုံအောင် ရှာနေပါစေ...
တစ်ခါတရံ ကလေးဆန်သည် ဆိုဆို
မရင့်ကျက်သေးသည် ပြောပြော
ချစ်သူ ဘဝကလို ကြင်နာမှုများ သူတို့လိုအပ်ပါသည်

မိန်းမ သည် မိန်းမပင် ဖြစ်သည်
စိတ်ဆိုးသည် စိတ်ကောက်သည်
အသက် ခြောက်ဆယ်အရွယ် ရောက်တောင်
သင် ချော့တာ သူတို့ လိုချင်ပါသေးသည် ။

0 comments:

Post a Comment

Newer Post Older Post Home

TOTAL PAGEVIEWS

TRANSLATE

MAMBERS

BLOG ARCHIVE

FOLLOW BY EMAIL

GET FREE EMAIL UPDATES


CHAT ROOM

[Insert link title here]
Powered by Blogger.
 

POPULAR POSTS

 
မိတ်ဆွေတို့ကြိုက်တာရေးပါ

&