Sunday, 9 August 2015

July 19

သြော်..တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညှိုး ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြှော....

အောင်ဆန်း မသာအတွက်....
ငါတော့..ငွေတမတ် မတတ်နိုင်ဘူး...
ဒီကဗျာတပုဒ်သာယူသွားပါကွာ....
သခင်နုကိုပြောနေသောဆရာကြီး၏
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့......

သြော်..အဆောင်ဆောင်နန်းတွေ
ွကြဌာန်းတွေနဲ့နှော..
အခေါင်မမြန်းခင်က
အောင်စာတမ်း ချို့စေဖို့
အောင်ပန်းညှိုး ရရှာတဲ့..
တောင်တမန်း တို့ဗမာမှာ
အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ
၎င်းကံကြမ္မာ အလုပ်ပေထင့်..
သောင်းမြန် မရဏာစမုတ်မှာတော့
့ချုပ်သနှင့် ယင်းအလိုတွင် ဒေါင်းအလံ
ံပဝါအုပ်ပါလို့...ကျုပ်ဖြင့်..သင်္ဂြိုဟ်ချင်....
တနေ့ကတင်မှ ပြောသွားတဲ့
တပည့်ဖြစ်သူရဲ့ ပုံရိပ်လွှာ...

"ဆရာကြီးမျှော်မှန်းထားတဲ့လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင်ကျွန်တော်ကြိုးစား
နေပါတယ်။ ဒီအတောတွင်း
ဆရာကြီးဘာမှမလုပ်ပါနဲ့ဦးခင်မျာ။ ဗိုလ်ချုပ်ကထိုသို့ပြောလေသော်-
ဆရာကြီးက....
ဟေ့..အောင်ဆန်း.!
မင်းကဆရာလား..ငါကဆရာလား.?
ဆရာကြီး၏ခက်ထန်ထန်စကားကို
ကြားလေသော်..ဗိုလ်ချုပ်သည်
စိတ်မကောင်းစွာဖြင့်..
ဆရာကြီး တခြားလူ ဘယ်သူပြောပြော
ကျွန်တော်စိတ်မထိခိုက်ဘူး။
ဆရာကြီးတစ်ခွန်းပြောရင် ပြောသလို
ိုကျွန်တော်စိတ်ထိခိုက်ပါတယ်။
ကျွန်တော်ကတိပေးတဲ့အတိုင်းဖြစ်မလာရင်
်ဆရာကြီးလုပ်ချင်တာလုပ်ပါ။
ဗိုလ်ချုပ်က တောင်းပန်လေသောအခါ
ဆရာကြီးလဲစိတ်ဆိုးပြေသွားပြီး..
အေးပါကွာ..
မင်းပြောသလို ငါစောင့်ကြည့်ပါ့မယ်..."

အခုတော့..
သြော်..တပည့်အရင်းတွေမို့
ကဝိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျ....ကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သောက ဘလောင်ဆူတော့..။

ပြည်ထဲရေးဝန်ကြီး စီစဉ်သလို
လက်ခံခဲ့မည်ဆိုပါလျှင်....
ဒီလိုအဖြစ်ဆိုးကြုံလိမ့်မည် မဟုတ်။
ကျုပ်အတွက်ဘာမှမလိုဘူး..
ကျုပ်ကိုပြည်သူက ချစ်ပါတယ်ဗျာ။
သူချစ်တဲ့တိုင်းပြည်..သူချစ်တဲ့ပြည်သူ
သူချစ်တဲ့မိသားစု..သူချစ်တဲ့ရဲဘော်တွေ
၁၉၄၇ ခုနှစ်-ဇူလိုင်လ-၁၉ရက်-စနေနေ့
နံနက် ၁၀ နာရီ ၃၇မိနစ် အချိန်တွင်
အားလုံးကို အပြီးတိုင်နှုတ်ဆက်လို့..။
သုန်တံခွန် စောင်းရ ရှားတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့။

ဲမြန်မာမှာတော့ ပူစရာဖို့
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျှောလေရဲ့
သြော်..တောင်နန်းမြောက်နန်း
အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညှိုး ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြှော..။ ။

            (သခင် ကိုယ်တော်မှိုင်း)

0 comments:

Post a Comment

Newer Post Home

TOTAL PAGEVIEWS

TRANSLATE

MAMBERS

BLOG ARCHIVE

FOLLOW BY EMAIL

GET FREE EMAIL UPDATES


CHAT ROOM

[Insert link title here]
Powered by Blogger.
 

POPULAR POSTS

 
မိတ်ဆွေတို့ကြိုက်တာရေးပါ

&